ဒီမိုဝေယံ

ဒီမိုဝေယံ


ဝေဖန်မယ်ဗျို့ (မင်းကြီးရန်နောင်)

Posted: 29 Apr 2013 03:56 AM PDT

 "ဇာတ်ကားကောင်းကြီးက မပြသေးဘူး၊ မစသေးဘူး"

သတင်းဆာနေသူတို့အတွက် "သတင်းအဆာပြေစရာ သတင်း သွား ရည်စာမျှပင်လျှင် ကျေနပ်မည်" ဟန်ပြင်နေတဲ့ ကျုပ်အဖို့တော့ ဧပြီ ၂၆ ရက်နေ့ဟာ အတော်လေး အဆာပြောပါရဲ့။ သို့ပေမယ့်ပေါ့လေ ကျုပ်မိတ်ဆွေ ပဉ္စမံဒီရိုင်းကြီးနဲ့ "ဇာတ်ကားကောင်းကြီးက မပြသေးဘူး၊ မစသေးဘူး"လို့ ပွဲဈေးတန်းက သုံးကားပေါင်း မိုးလင်းရုံမှာ လူခေါ် သလိုခေါ်မှာ ကျုပ်တာဝန်ကျနေလေ မလား ခံစားမိရတယ်။

နမူနာလေး တွေမျှသာ ပြနေနိုင်နေရှာတဲ့ ကျုပ် တို့ရဲ့ ပုဂ္ဂလိကသတင်းစား၊ ချန်ပီယံ လောင်းတွေခမျာ တီဗီက ကိုရီးယား ဇာတ်လမ်းတွဲထက် ဇာတ်ရှိန်တက်၊ ဇာတ်ကျောရှည်နေတဲ့ လက်ပံ တောင်းတောင်ရဲ့ ဧပြီ ၁၅ရက်နေ့ သတင်းကို အစိုးရထုတ်ပူးတွဲ ချန်ပီ ယံကြီးနှစ်စောင်ထက် ပိုလက်ဇောင်း မထက်နိုင်၊ မရေးနိုင်လို့ စိတ်မပျက် စေချင်မိတာပါ။

ပရိသတ်ကြီးလည်း နားလည်ပေးမှာပါ။ ဇာတ်ကား ကောင်းကြီးက မပြသေးဘူး။ မစ သေးဘူးလေ။ အဘယ်သို့ဆိုစေ အစိုးရထုတ် မြန်မာ့အလင်းသတင်း စာချန်ပီယံကြီးတစ်စောင်မှာလည်း ပုဂ္ဂလိကတွေ လက်ဦးသွားမှာ စိုးရိမ် လို့ထင်ရဲ့ သတင်းစာနောက်ကျော ဖုံးမှာ "လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရုန်းရင်းဆန် ခတ်မှုဖြစ်ပွား"ရယ်လို မျက်နာဝက် နီးပါးမျှ စာမျက်နှာသုံးစွဲဖော်ပြရုံမက စာမျက်နှာ၇၊ ကော်လံ(၁)သို့ စာ ညွှန်းသို့ ထန်းလက်ပြား (သတင်းစာ ထဲမှာတော့ ထန်းလက်တုတ်လို့သုံး တယ်) တရွယ်ရွယ်နဲ့ အပြစ်မဲ့ရဲတွေ ကို ကြောက်မက်ဖွယ်အော်ဟစ်ကြိမ်း မောင်းနေသည့် ဒေသခံအမျိုးသမီး တို့ပုံကို ပုံအကြီးကြီးပြကာ မျက်နှာ ဝက်သာသာ ဖော်ပြသွားလေတယ်။

 ဘာပဲပြောပြော သတင်းကို အချိန်နဲ့ တစ်ပြေးညီဖော်ပြလို့ စိုးသူသီချင်းလို 'ကြိုပါကွယ်'လို့ လော်လီလုပ် လိုက်ပါ့ မယ်။ နောက်ထပ်ကြိုစေချင်တာက =စမ်းသပ်ထုတ်ဝေသည့် (အခမဲ့ မေတ္တာလက်ဆောင်) စာတန်းနဲ့ ထွက်ပေါ်လာတဲ့The Daily Eleven သတင်းစာပါ။ စာမျက်နှာ ၃၂ မျက်နှာပါ သတင်းစာ ပုံနှိပ် စက်ကြီးနဲ့ ရိုက်နှိပ်ထုတ်ဝေလာတဲ့ သတင်းစာမို့ တော်လေးကို အားပါး တရ ရှိရပါရဲ့။ သူလည်းဧပြီ ၂၅ လက်ပံတောင်းသတင်းကို =လက်ပံ တောင်းဇာတ်လမ်းပြန်စပြီလား+လို့ ခေါင်းတပ်ကာ မျက်နှာဖုံးတစ်နေရာ စာ သတင်းပါစေတာ တွေ့ရတာလို့ အားရစရာရှိခဲ့တယ်။

 နူနလနည သူဌေးကြီး ဆရာသန်းထွဋ်အောင် ကိုယ်တိုင်ရေး သရော်စာဆိုတာကို လည်း အတော်ဆော်တဲ့စာ အနေနဲ့ ပရိသတ်သဘောကျမှာ သေချာ တယ်။"Bla Bla Blaတိုက်ရိုက်သွား ကြမလား"တဲ့။ ကျုပ်တော့ "ဘယ်သူ ပဲ သမ္မတဖြစ်ဖြစ် ဂျာနယ်လစ်တွေ ကတော့ ဒီကစောင့်နေသူ"ဆိုတဲ့ နိဂုံးချုပ်လေးကို လွှတ်ကြိုက်မိရဲ့။ ကျုပ်တခြားကြိုက်တာလေးတွေ ရှိ သေးတာBla Bla Blaပါပဲပေါ့ လေ။ နှစ်ရက်သားမြောက် 7 Day Dailyကလည်း ဧပြီ ၂၅ လက်ပံ တောင်းတောင်သတင်းကို ဓာတ်ပုံ- မျိုးမင်းဦးရဲ့ လက်ရာကောင်းတကွက် နဲ့ "လက်ပံတောင်းတောင်ရဲတပ်ဖွဲ့ ဝင်များနှင့် ဒေသခံများ ထိပ်တိုက် တွေ့ ၁၈ဦး ဒဏ်ရာရ "ရယ်လို့ မျက်နှာ ဖုံးမှာ တင်ပြတယ်။

The Voice Dailyကတော့ မျက်နှာဖုံးမှာ မာတိ ကာသတင်းအညွှန်းမျှနဲ့ "လက်ပံ တောင်းတောင်တွင် ပဋိပက္ခထပ်မံ ဖြစ် ဒေသခံ ၃ဦးနှင့် ရဲ ၁၅ဦးဒဏ် ရာရ"ရယ်လို့ ပြပါတယ်။ ၁၃စောင်မြောက် သက်တမ်းရှိလာတဲ့ စံတော်ချိန် နေ့စဉ်သတင်းကလည်း "လက်ပံ တောင်းတောင် ပဋိပက္ခတစ်ကျော့ ပြန်ဖြစ်ပွား၊ ရွာသား ၃ဦး ဆေးရုံတင် ရ၊ ရဲတပ်ဖွဲ့ဝင် ၁၅ဦး ဒဏ်ရာရရှိ" ဆိုတဲ့ ခေါင်းစီးမှာ လုံခြုံရေးရဲတပ်ဖွဲ့ ရှေ့မှာ နွားတစ်ရှဉ်းနဲ့ ထွန်ရေးငင် နေတဲ့ လယ်သမားတစ်ဦးပုံတင်ဆက် ထားတယ်။ ဓာတ်ပုံကတော့ စာဖတ် ပရိသတ်ရင်ကို ထိရှစေလေမလား။ တစ်စုံတရာတွေးဆစေလေမလား။ အမှန်အမှားဝေခွဲမရတော့အောင် ရှိ စေလေမလားပဲ။

ဒါပေမဲ့ ဒီပုံကို ရိုက် ကူးတဲ့ ပညာရှင်အမည်သိချင်ပါရက်
နဲ့ သိခွင့်မရတာကို မချင့်မရဲဖြစ်ရတယ်လို့ ဝေဖန်ချင်ရဲ့ဗျို့။
"သင်္ကြန်အနားယူအပြီး ပြန်အလာ ပညာပါသော နှစ်ပတ်သား ဝါသမ္ဘာ"
ေ မျှာ်လင့်ထားသလိုပါပဲ သင်္ကြန်မှာ အနားယူပြီး ပြန်လာကြ တဲ့ သတင်းစာတို့မှာ နှစ်ပတ်သားဝါ သမ္ဘာလည်း ရလာပြီမို့ အတော်လေး ဝေဆာအောင်တင်ပြ တင်ဆက်နိုင် လာတယ်။ ရွှေနိုင်ငံဆိုပါစို့ "နေပြည် တော်နယ်မြေသင်္ကြန် ပန်ကန်ပြားပျံ လာသလော ဟုတ်သော်ရှိ၊ မဟုတ် သော်ရှိ ဓာတ်ပုံများပေါ်ထွက်လာ" ဆိုတဲ့ သတင်းအဆန်းကြီး မျက်နှာဖုံး တင်သဗျို့။ ပြည်ထောင်စုနေ့စဉ်ကြီး လက်စွမ်း၊ ခြေစွမ်းပြတာကတော့ "ဒေါက်တာဆိတ်ဖွားအမည်ဖြင့် ဆောင်းပါးရေးသူ The Street View ဂျာနယ်တွင် ရေးသားဖူးသည် ဟု The Voice Daily သတင်းစာ မှားယွင်းဖော်ပြ "ရယ်လို့ တခြား တစ်စောင်သတင်းမှားကြောင်း မျက်နှာဖုံးသတင်းတင်လာတာပါ။

 ဒီအရေးမှာ ကျုပ်ကြားဝင် အကြံပေး တာ ကြိုးဝိုင်းတွင်းချန်ပီယံလောင်း အချင်းချင်း လက်စွမ်းပြပြ၊ ခြေစွမ်း ပြပြ ကိုယ်သန်ရာ ထိုးသတ်ပုံနဲ့ ထိုးသတ်နိုင်ကြပေမယ့် မအားတော့ မထိစေနဲ့ကွယ်လို့ ဝေဖန်အကြံပြုလို သဗျို့။ သြော် ဒါနဲ့ တစ်ပတ်ခြောက် ရက်ထွက် The Voice Daily က "ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ် နိုင်ပြီဟု ကော်မရှင်ဥက္ကဋ္ဌပြောကြား" လို့ မျက်နှာဖုံးသတင်းဖော်ပြပါရှိတဲ့ ဧပြီ ၂၃ရက်နေ့ထုတ်မှာ ကျုပ်အ ကြိုက်သတင်းက 'ညောင်ချောင်းသာ တွင် နှစ်လအတွင်း ၁ဝ ဦးသေဆုံး' ဆိုတဲ့သတင်းပဲ။ ဓာတ်ပုံသန်းထိုက် ဦးရဲ့ လက်ရာနဲ့ "ညောင်တုန်းမြို့ နယ် ညောင်ချောင်းသာကမ်းခြေတွင် ရေနစ်သူ အသက် (၁၅)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဧပြီ ၂၁ရက်နေ့က ရှာဖွေဆယ်ယူနေစဉ်" ဆိုတဲ့ ဓာတ်ပုံက သတင်းကို ပံ့ပိုး အားကောင်းပေမယ့် သတင်းခေါင်း စဉ်သာပါပြီး အထဲစာမျက်နှာ ၂ကို စာညွှန်းဖို့ မဖော်ပြထားလို့ အမှတ် ပြည့်ပေးဖို့က မချင့်မရဲဖြစ်သွားရ တယ်။

ဒါမျိုးကြီးလည်းဖြစ်တတ်ပါတယ်မဟုတ်လားလေကျုပ်သာသတင်းစာလုပ်ရင်လူထွက်ပြီးသတင်းစာ့ဆရာ့ဆရာလုပ်မယ်ဆိုတဲ့ သာသနာ့ဘောင်ရောက်
ကျုပ်မိတ်ဆွေကြီးပဉ္စမံဒီရိုင်းရေ...။ "Week End(ရက်သတ္တပတ်ရဲ့ နောက်ဆုံးရက်)မို့ 
သတင်းဂျာနယ်ထက်သတင်းအစာကျယ်ဖို့ လို"
လိုတာတွေပြောမှပဲ၊ပိုကောင်းလာမှာမို့ ကျုပ်တော့ရက်
သတ္တပတ်ရဲ့ နောက်ဆုံးရက်)မှာသတင်းဂျာနယ်တွေထက်ပိုကာ
သတင်းစာတို့ ကသတင်းအရာမှာအစာကျယ်ဖို့ လိုလာတာလေးသတိပြုပေးစေချင်တယ်။

သုံးရက်သား 7 Day

Dailyသတင်းစာကထူးခြားတဲ့ သတင်းပုံအဖြစ်"ဧပြီ၂၅ရက်နေ့ ကရန်ကုန်မြို့ ဟိန္ဒူဘာသာရေးပွဲတော်အတွင်းခန္ဓာကိုယ်ကိုဖောက်၍နောက်ကျောတွင်ချိတ်များချိတ်ကာကားတစ်စီးကိုဆွဲနေသောဟိန္ဒူဘာသာဝင်တစ်ဦး"ဆိုတဲ့AFPကဓါတ်ပုံရဲအောင်သူရဲ့ ပုံကိုမျက်နှာဖုံးလုပ်ထားတယ်။အဲ့ဒီပုံအောက်မှာမှ
"ဘင်္ဂါလီလူဦးရေစစစ်သောနေ့ ရုန်းရင်းဆန်ခတ်ဖြစ်"ဆိုတဲ့ရခိုင်ပြည်နယ်
မှာဘင်္ဂါလီလူဦးရေစာရင်း ကောက်ရင်တာဝန်ရှိသူတွေ နဲ့ မိမိကိုယ်ကို
ရိုဟင်ဂျာလို့ ကြွေးကြော်သူတို့ ရုန်းရင်းဆန်ခတ် သတင်းကိုပုံနှင့်တကွ ဖေါ်ပြထားတယ်။ အဖုံးမှာပဲSatireဆိုတာကို အွန်လိုင်းနာမည် စာရေးဆရာမင်းဒင်ရဲ့ "ရာဇ၀င်ထဲမှာ ဘူးသီးတွေကိုထားရစ်ခဲ့"ဆောင်းပါး စာညွှန်းအဖြစ် စာမျက်နှာအထဲကို ဆွဲခေါ်ထားတယ်။ ပိုကောင်းလာတဲ့7 Day Dailyမှာ အခမဲ့ကြော်ငြာ ကဏ္ဍက တစ်မျက်နှာလုံး သိမ်းကြုံးယူလိုက်တာကြောင့် ကျုပ်မျက်စေ့ နည်းနည်း စပ်သွားရသေးတယ်ဗျို့ ။

ဒါပေမဲ့7 Day  Dailyက သူ့ မူလဂျာနယ် ထွက်ရက်မှာဆို သတင်းစာပါ အပိုပေးမယ် ဆိုတာလေးကြောင့် အစပ်သက်သာခဲ့ရသလိုThe Voice Daily ကလည်းဂျာနယ် ထွက်ရက် အဲ့ဒီလိုလေး သတင်းစာတစ်ရက် အနားမယူပေးရင်  ကောင်းမယ်လို့ တွေးမိသေး။ သြော်..ဒါနဲ့ ရှေ့ မေလထဲပေါ်လာမယ့် သတင်းစာတွေကသူတို့ ဂျာနယ်တွေ စတင်ရပ်တဲ့ သတင်းကပြဿနာမရှိပေမဲ့ ကျုပ်သဘောကျ စရှိလာတဲ့ အင်ဒီပန်းဒန့် ဂျာနယ်ရပ်နားသွာတဲ့ သတင်း ကစိတ်ထောင်း ကိုယ်ကြေရှိရတယ်။ သတင်းစာတွေကြောင့် ဂျာနယ်တွေ ရပ်သွားရတာမျိုး မဟုတ်လို့ တော်သေးရဲ့။

 နေ့မြင်ညပျောက် သဘောမှာ ပေါ်ဦးစ သတင်းစာတွေပါမသွားဖို့ လည်း ကျုပ်ဆုတောင်း မေတ္တာပို့ပါ့မယ်။ ဒီစနေဧပြီ၂၇ရက်မှာ စံတော်ချိန်က"လက်ပံတောင်းတောင်တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ ထပ်မံထိပ်တိုက် တွေ့ဆုံ"ရယ်လို့ ခေါင်းတင်သလို၊ ပြည်ထောင်စုနေ့ စဉ်" သတင်းစာကြီးကလည်း
"ခွင့်ပြုချက်မရဘဲဆန္ဒပြသူများအား စည်းသုံးစည်းဖြင့်တား"ရယ်လို့ 
ခေါင်းတပ်အပြီး အခြားသော ဆက်စပ်သတင်းတွေ ကပ်ကာသူ့ ရပ်တည်မူကို ပြလာပါတယ်။

"ရွှေနိုင်ငံသစ်" ကတော့ "ဆန္ဒပြသူများကိုရဲ ကတားဆီးထား၊ တတိယစည်းကျော်လျှင် ပစ်ခတ်တားဆီးမည်ဟုစာရေးထား"ရယ်လို့ မျက်နှာဖုံး သတင်းတင်ပါတယ်။ သတင်းတွေ အစာကျယ်ဖို့ ဆိုရင်တော့ ဒီမျှနဲ့ မရလို့ သာကျုပ်တွန်းတွန်း တိုက်တိုက်သြဘာပေးလိုက်ရင်း နောက်တစ်ပတ်ဆုံဦးစို့ရဲ့ ဗျာ။

မင်းကြီးရန်နောင်

ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ်..

Posted: 29 Apr 2013 03:33 AM PDT

ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘောနစ်မြုပ်

4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)

ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံးဆီများအား မော်လမြိုင် ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မှော်ဝန်းမီးပြဗော်ယာသို့ ကွေ့လာချိန်တွင် သီလ၀ါ MIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာသော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် မြန်အောင်သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းခဲ့ကာ ရေများဝင်ရောက်၍ မျောပါသွားခဲ့ပြီး Chokey shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ်ကမ်း အနီးတွင်) လုံးဝနစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
နစ်မြုပ်ခဲ့သည့် မြန်အောင် ရေယာဉ်တွင် သင်္ဘောသား ၁၇ ဦး ပါဝင်ပြီး၊ ယင်းသင်္ဘောသားများအား တပ်မတော်(ရေ)မှ စစ်သင်္ဘောနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေယာဉ်တို့မှ အသီးသီး ကယ်တင်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သိရသည်။
4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင်သင်္ဘောအား ရေယာဉ်မှူး ဦးစံတင်မောင်းနှင်ခဲ့ပြီး၊ Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး(Pilot 39)တို့ အသီးသီး မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ မြန်အောင်ရေနံတင် သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းအား ရေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်း အသီးသီး ပါဝင်သောအထူး စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။
''သင်္ဘောတိုက်မိခဲ့ပြီးချိန်မှာပဲ တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရေယာဉ်တွေက ချက်ချင်းကယ်တင်နိုင်ခဲ့လို့ လူအသေ အပျောက်မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သင်္ဘောလုံးဝ နစ်မြုပ်သွားတဲ့ နေရာက သင်္ဘောတွေ သွားလာနေတဲ့ ရေလမ်းကြောင်းနဲ့လည်း လွတ်ကင်းမှုရှိလို့ သင်္ဘောတွေ သွားလာမှုကို ထိခိုက်မှုမရှိပါဘူး။

 ရေနံတင်သင်္ဘောကလည်း စက်သုံးဆီတွေကို မော်လမြိုင်ဆိပ်ကမ်းမှာ ချထားခဲ့ပြီးဖြစ် တဲ့အတွက် မြစ်ရေပြင်ညစ်ညမ်းမှု ဖြစ်စဉ်အတွက် စိုးရိမ်စရာမရှိပါဘူး။ အခုဖြစ်စဉ်ကို အထူးစုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်း မောင်က ပြောကြားခဲ့သည်။
4.28.10
Malacca Highway သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိပြီး မြန်အောင်သင်္ဘော နစ်မြုပ်သွားစဉ် (ဓာတ်ပုံ-မြန်မာ့ဆိပ်ကမ်း အာဏာပိုင်)

က်ရှိတွင် ရန်ကုန်မြစ်ကြောင်း အတွင်း မြန်အောင်သင်္ဘော နစ်မြုပ်ခဲ့သည့်နေရာ၌ အချက်ပြ မီးဗော်ယာတစ်လုံးချထားပြီး ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။
နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောသည် အလျား ၆၃ ဒသမ ၅ မီတာ၊ အနံ ၁၃ မီတာ၊ ရေစူး ၃ မီတာနှင့် တန်ချိန် ၁၁၂၅ တန်ရှိပြီး၊ Malacca Highway သင်္ဘောမှာ တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။
Malacca Highway သင်္ဘောအား လက်ရှိတွင် ထွက်ခွာခွင့်မပြုဘဲ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားကြောင်း သတင်းရရှိပါသည်။ နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောအား မြန်မာ့ရေန ဓာတုလုပ်ငန်းမှ အမြန်ဆုံးပြန် လည်ဆယ်ယူ သွားမည်ဖြစ်ကြောင်းလည်း သတင်း ရရှိပါသည်။