[mrsorcerer:37789] ၈၈ တုံးကလို မူခင်းဆရာဝန်ကြီး ဦးဘချွန် လိုလူမျိးလိုနေပြီ

၈၈ တုံးကလို မူခင်းဆရာဝန်ကြီး ဦးဘချွန် လိုလူမျိးလိုနေပြီ

လူသေအလောင်းတလောင်းကို ပြာကျအောင်မီးရှို့ရတာ သိပ်ခက်တယ်။ တောထဲတုံးက ရဲဘော်တွေတိုက်ပွဲကျတာမျိုးမှာ

ရွာသားတွေသေသွားတဲ့အခါမျိးးမှာ လာအကူညီတောင်းလို့   ၂ ဒါဇင်ထက်မနည်း လူသေအလောင်းတွေကို ပြာကျအောင်မီးရှို့ ခဲ့ပေးရဘူးတယ်။ အလောင်းကိုမီးရှို့ ရတာလောက် လက်ဝင်တာမရှိဘူး။ သိပ်ခက်တယ်။

 

နောက်ဆုံးမီးရှို့ ပေးခဲ့ရတဲ့အလောင်းက မန်းငြိမ်းမောင် ( ကေအင်ယူ ခေါင်းဆောင်) အကိုဆုံးသွားတော့ ရှို့ ပေးခဲ့ရတဲ့အလောင်းပါ။

ကျနော်နဲ့ရဲဘော် ၃ ယောက်လောက်ပဲရှိတယ်။  အလောင်းကို ကားတာရာတွေထပ်ပြီးမီးရှို့ ပေးခဲ့ရတယ်။

 

အခု ဗလီမှာ အပြစ်မဲကလေးတွေ ၁၃ ယောက် မီးလောင်ပြီးသေသတဲ့။ ၀ါယောရှော့ဖြစ်သတဲ့။ သေနေတဲ့အလောင်းတွေကို သေသေချာချာ စစ်ဆေးဖို့ လိုပါတယ်။ 

 

ဝါယောရှောခ်ဖြစ်တဲ့အခါမှာ လောင်စာတွေများနေမှာသာ လူ၁၃ယောက် လုံး မီးလောင်ကျွမ်မယ်။ လောင်စာတွေမရှိရင်တော့ခက်မယ် ။

နောက်တခုက လူတယော်ကို  ရေနံဆီလေးစွပ်ပြီး မီးရှို့ ရုံနဲ့ မသေပါဘူး။ ထွက်ပြေးကြမယ်။အော်ကြဟစ်ကြမယ်။

မီးကိုငြိမ်းသတ်ကြမယ်။   လူတယောက်ဟာ မီးလောင်ကျွမ်းသွားလောက်အောင် အိပ်မောကျမနေကြတတ်ပါဘူး။

တွေး စရာတွေအများကြီးပဲ။ အကောင်းဆုံးကတော့မူခင်း ဆရာဝန်တွေစစ်ဆေးလိုက်ရင် ပေါပါတယ်။

နိင်ငံတက မူခင်း ဆရာဝန်တွေလိုအပ်ရင်အမေရိကန် သံရုံးကိုအကူညီတောင်းနိင်ပါတယ်။

 

 

၁၉ ၈၈ ခုနစ် မတ်လ

 

ကိုဖုန်းမော်၊ ကိုစိုးနိင်တို့ အသတ်ခံရတယ်။ ကျောင်းတွေရှေ့မှာအသတ်ခံရတယ်။ နောက်တနေ့  သတင်းစာမှာ ကျောင်းသားနဲ့  အရပ်သားတွေံ ရန်ဖြစ်လို့  ကိုဖုန်းမော်တို့  ဓါးခဲ့ အခုတ်ခံရသလိုရေးတယ်ဗျာ။  ဘယ်လိုရေးသလဲဆိုတော့ ချွန်ထက်တဲ့ဒဏ်ရာနဲ့  သေတာတဲ့။ ချွန်ထက်တဲ့ ဒဏ်ရာ။  ဘာချွန်ထက်တဲ့ဒဏ်ရာလဲ။

ကိုယ်မျက်စေ့အောက်မှာတင် သေနပ်နဲ့ပြစ်သတ်ခံရတာကိုတွေ့ လိုက်ရတဲ့ကျောင်းသားတွေ ဒေါသအမျက်ခြောင်းခြေားင်း

ထွက်ကြတာပေါ့။

 

နိင်ငံပိုင်သတင်းစာ ကနေ ချွန်ထက်တဲ့ဒဏ်ရာနဲ သေတယ်လို့ ပြောတယ်။ ကျောင်းသားတွေက သေနပ်ဒဏ်ရာနဲ သေတယ်လိ့ ပြောတယ် ။

ဘယ်သူပြောတာကိုပိုယုံတယ်လို့ ထင်ပါသလဲ။

 

နိင်ငံပိုင်သတင်းစာက ပြောတာကိုလူတွေက ပိုယုံတယ်ဗျ။ မယုံမ၇ှိပါနဲ့ သာမန်လူတွေက အစိုးရဆိုတာကိုယုံကြည်ကြတဲ့သဘောဝ

နာခံတဲ့သဘာ၀၇ှိကြတယ်။   ကျနော်အဒေါ်တယောက်ရှိတယ်။ သူက အစ အစိုးရပြေတာယုံနေတယ်။  နင်တို့ ကျောင်းသားတွေက

လဲ ဆိုးကိုဆိုးပါတယ်ပေါ့။  လူများက အခု ဖေစ်ဘုတ်မှာ ပြောနေသလိုပဲ။ အစိုးရပြောတကိုယုံကြတယ်။

 

 

မယုံတာကတော့ ကျနော်တို့ လိုလူနည်းစုပဲရှိတယ်။ သူများတွေထက် ခေါင်းတလုံးပိုမြင့်နေကြလိုပဲဖြစ်မယ်။ 

မဆလ ကို အမြီးလှန် ချိုး မှ ရတော့မယ်ဆိုတာကို သိလိုက်တယ်။ သပိတ်တွေဆက်တိုက်မှောက်ပေးလို်က်တယ်။

 

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့  ဖို့ တောင်းဆိုလိုက်တယ်။ ခေါ်င်းမာလှတဲ့ နေ၀င်းဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ ပေးလိုက်ရတယ်။  သေမှုသေခင်းကို မူခင်းဆ၇ာဝန်ကြီးဒေါက်တာဘချွန် က ထွက်ဆိုတယ်။

 

ဒီဆရာဝန်ကြီးအစီ၇င်ခံစာကလဲ  လက်ပတောင်တောင်အစီရင်ခံစာထက် အဂတိကင်းစင်တယ်။နိင်ငံရေးလိုဘ ကင်းစင်တယ်။

သူက ပညာရှုင်ကိုး။ နိင်ငံေ၇းသမားမှမဟုတ်တာ။ 

 

သူကဘယ်လိုရေးလိုက်သလဲဆိုတော့ ။  သေသူတို့ ဒဏ်ရာတွေဟာ  ချွန်ထက်သော လက်နက်ဖြင့် သေခြင်းမဟုတ်။

သေနပ် ဒဏ်ရာဖြင့် သေတာဖြစ်တယ်တဲ့။ သေနပ်က ပြောင်းချောသေနပ်ဖြစ်တယ်။

ဒီလိုသေနပ်မျိုးက ပြစ်ရင် ဒိုင်းလို့ မမည် ၊ ဖေါင်း လို့ မြည်တယ်လို့  သူက တိတိကျကျ  ဖေါ်ပြပေးလိုက်တယ်လေ။

 

ဦးနေ၀င်းခေတ်မှာ သူကို ကြောက်ကြတယ်။ အမှန်ကိုမပြောရဲကြဘူး။ တနိင်ငံလုံး အသေးမွားက စ လိမ် တတ်တဲ့ ခေတ်ကြီးမှာ ဦးဘချွန်လို ပုဂို်လ်က အလွန်ရှားတယ်လို့ ပြောရမယ်။

 

တွေ့ ရှိချက်ကို သူလက်မှတ်ထိုးပြီး ထုတ်ပြန်တယ်။ ကျနော်တို့ ကျောင်းသားတွေဆီ တကော်ပီရောက်လာတယ်။ ကျနော်တို့  ဖက်က အဖိုးတန် သက်သေတယောက်ရခဲ့တယ်။ အမှန်တရားအတွက် သက်သေတယောက်ဖြစ်လာတယ်။

 

ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးရင် တကယ်ဂုဏ်ပြု သင့်တဲ့ သူတွေထဲမှာ ဆရာဝန်ကြီး ဦးဘချွန်ပါတယ်။ သူကိုဂုဏ်ပြုသင်တယ်။

သူဆီကထွက်ချက်လည်းရတော့ ပြည်သူကို ကျနော်တို့ တင်ပြခဲ့ကြတယ်။

 

အခု ဒီကလေးတွေသေဆုံးမှုမှာ မရိုးသားမှုတွေ တသီကြီးပါနေပါတယ်။ မဆလ၊ န၀တ၊ နအဖ ၊ အသစ ( ဦးသိန်းစိန်)

ဘယ်လိုပဲပြောင်းပြောင်း လိမ်ကွက်တွေက မပြောင်းနိင်ဘူး။

 

 

လိမ်ကွက်တွေများနေပြီ 

 

၁။ ၁၉ ၈၈ ခုနစ် မတ်လ တာမွေ သမ၀ါယမ ဆိုင်ကြီးမီးလောင်တာ ၀ါယာရှော့ လို့ ပဲပြောခဲ့တယ်။

 

၂။ ၁၉ ၈၈ ကိုဖုန်းမော်တို့  အသတ်ခံရတာကို ချွန်ထက်တဲ့ လက်နက်နဲ့သေတာလို့ လိမ်ခဲ့တယ်။

 

၃။ အင်စိန် ကြိုကုန်း ကောင်စီရုံးခန်းကို ကျောင်းသားတွေမီးရှို့ သွားတယ်လို့  လုပ်ခဲ့တယ်။

 ( ထိုစဉ်တုံးကလဲ မိုးသီးတို့ ကျောင်းသားဆိုးတွေလို နာမည်တပ်ပေးထားတာပေါ့ ဗျာ။ ) 

 

၎။  ဗိုချုပ်တင်ဦး  အိမ်ကို ဗုံးခွဲ တဲ့အတွက်သူသမီး သေသွားတယ်။  ဂျပန်ကသောမတ်ဂုဏ်အောင်လုပ်တာလို့ စွပ်စွဲခဲ့တယ်။

( တကယ်က  ဦးသန်းရွှေလုပ်တာ။ ခင်ညွန် နဲ့တင်ဦးကို သူတိုက်ပေးလိုက်တာ။ )

 

၅။ ၀င်ဒါမီယာက ရတာနာကုန်သည် လင်မယားကို သတ်တဲ့အမှု ခုထိမပေါ်သေးဘူး။

 

၆။ လက်ပတောင်းတောင် က ဆနပြသံဃာတွေကို မီးလောင်ဗုံးနဲ့ ပြစ်ခတ်ခဲ့တာကို မီးခိုးဗုံးလို့ လုပ်ထားတယ်။

 

၇။ အခု ၄၈ လမ်း မူစလင်ဗလီကို  မီးရှို့  ကလေးတွေ ၁၃ ဦးသေဆုံးမှုကို ၀ါယာရှော့ခ် လို့ ဆို လာပြန်တယ်။

 

 

 

ဒီတခါက အဖြေမှန်က ဘာလဲလို့ သူတို့ ကိုမေးရမှာမဟုတ်ဘူး။

ကိုယ်ဘာသာကိုယ်မေးရမှာ။ ငါရဲ့  အသိတရားတွေ ဒီလောက်ခေါင်းပါးသွားပြီလား။

ငါရဲ့  ယျဉ်ကျေးမှုက ဒီလောက်အထိ ယုတ်ညံသွားပြီလား။

အားလုံးမိုးခါးရေသောက်နေတဲ့ခေတ်ကြီးမှာ ငါမိုးခါးရေသောက်နိင်သေးသလား ဆိုတာပဲဖြစ်တယ်။

 

 

မိုးသီး



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.