[mrsorcerer:38045] အလင်းမျက်ဝန်းမှ သတင်းစကားများ

Ruby Mirror သည် မည်သည့် အီးမေးမှ လက်ခံဖတ်ခြင်းမပြူပါ အားလုံးကို filter ခံထားသဖြင့် inbox ထဲတွင်မရှိပါ.. အသင်တို့ ဆဲဆိုရိုင်းစိုင်းလျင် အသင်တို့ ၏ အဆင့် အတန်းသာဖြစ်သည် ကျွနု်ပ် လက်ခံယူထားခြင်းမရှိတဲ့ အတွက် bounce back သင့်ထံပြန်ရောက်သွားမည်သာဖြစ်သည်..

စစ်တွေမြို့၌ ဒုက္ခသည်များနှင့် လ၀ကများအကြား တင်းမာမှုကြောင့်ပစ်ခတ်ရာ ကလေးတစ်ဦး ဒဏ်ရာရ




ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းတွင် လ၀ကနှင့် အစိုးရ တာဝန်ရှိသူများ သွားရောက်၍ ရိုဟင်ဂျာမွတ်စလင်မ်များထံမှ သန်းခေါင်စာရင်းများကို သိမ်းယူရန် တောင်းဆိုကာ၊ အသင့်ယူဆောင်လာသောပုံစံများတွင် အတင်းအဓမ္မ ဘင်္ဂလီဟု ဖြည့်ခိုင်း၍ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရပါသည်။

"လ၀ကအဖွဲ့က အောင်မင်္ဂလာ ရပ်ကွက်ထဲမှာနေတဲ့ ရိုဟင်ဂျာတွေအားလုံးကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ဘင်္ဂလီလို့ ဖြည့်ပြီး လက်မှတ် ထိုးခိုင်းနေတယ်" ဟု လ၀ကများရှေ့တွင် ရောက်ရှိနေသူ တစ်ဦးမှ RB News သို့ ပြောသည်။

"လွန်ခဲ့တဲ့ အပတ်က လ၀က ဒုဝန်ကြီး ရောက်လာပြီးတော့ ဘင်္ဂလီလို့ ဖြည့်ပြီး လက်မှတ်ထိုးရင်ထိုး မထိုးရင် တတိယအကြိမ် ရခိုင်တွေမီးရှို့ရင် တာဝန်ယူမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်သွားတယ်။ အခုလည်း ဒုဝန်ကြီးရဲ့အမိန့်နဲ့ ဒီလ၀ကတွေ ရောက်တာလို့ သိရတယ်"ဟု ၎င်းက ဆက်လက်ပြောပါသည်။


စစ်တွေမြို့တွင် ဒုက္ခသည်စခန်းများရှိရာ သက္ကေပြင်နှင့် ဘောဒူဖ ဒုက္ခသည်စခန်းများသို့လည်း နံနက်ပိုင်းတွင် လ၀ကများနှင့် အစိုးရတာဝန်ရှိသူများ ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော ပုံစံများတွင် ဘင်္ဂလီအဖြစ် လက်မှတ်ရေးထိုးပေးရန် အတင်းအဓမ္မ ခိုင်းစေမှုကြောင့် သက္ကေပြင်ရှိ ဒုက္ခသည်များနှင့် လ၀ကများအကြား တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

တင်းမာမှုများဖြစ်ပွားပြီး လူများအုံကြွလာသောအခါ နစကမှ သေနတ်တစ်ချက် မိုးပေါ်ထောင် ပစ်ခတ်ပြီး လူစုခွဲခဲ့သည်။ ထို့နောက် လ၀ကများနှင့် အစိုးရတာဝန်ရှိသူများ ပြန်လည်ထွက်ခွာသွားကြောင်း သိရပါသည်။

အလားတူပင် ဘောဒူဖ ဒုက္ခသည်စခန်းတွင်လည်း ထိုကဲ့သို့ အတင်းအဓမ္မ ဘင်္ဂလီဟု ဖြည့်၍ လက်မှတ်ထိုးခိုင်းခြင်းကြောင့် တင်းမာမှုဖြစ်ပွားရာ နစကမှ သေနတ်ပစ်ပေါက်ရာ ၁၅ နှစ်အရွယ် ကလေးတစ်ဦးကို ကျည်ဆန်သုံးနေရာ ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

"ကလေးက ၁၅ နှစ် အရွယ်ပါ။ ကျည်ဆန်က သုံးနေရာ ထိတယ်။ ပေါင်နှစ်ဖက်နဲ့ ပုခုံးမှာ ထိသွားတယ်။ ဒဏ်ရာကတော့ ပြင်းတယ်"ဟု ဘောဒူဖ ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးမှ ပြောသည်။


အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com
သတင်းအမှန် ပေးပို့လိုက်ပါတယ်။ အခုလက်ရှိ ကြုံတွေနေရတဲ့ အဖြစ်အပျက်တခုပါ။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ (၁၅)လမ်း x (၈၆)လမ်း၊ ရွှေတချောင်းဘေးတွင် ကွမ်းယာဆိုင်တစ်ဆိုင် ဖွင့်ထားပါတယ်။

ဆိုင်အမည် `ဗိုလ်ဌေး´ ပါ။

သူသည် ဆိုင်ကို မိုးအလင်းဖွင့်ပါသည်။ မသမာသူများကို ရ-ယ-က ဥက္ကဋ္ဌနှင့်တွဲ၍ သင်တန်းဆင်း လမ်းညွှန်မှုများ ပြုလုပ်ပေးနေပါတယ်။

ရပ်ကွက်ထဲတွင် သူတို့နှစ်ဦးသည် မသမာသူများနှင့် ညသန်းခေါင်ယံအချိန် မတော်အချိန် ချိန်းတွေ့ဆုံ၍ ရပ်ကွက်အတွင်း ထိတ်လန့်ခြောက်ခြားကာ ဆူပူလာအောင် ဖန်တီးမှုများ အမျိုးမျိုး မဖြစ် ဖြစ်အောင် ပြုလုပ်နေပါသည်။

၎င်းကိစ္စများကို တာဝန်ရှိ သိသိနှင့် အိပ်ချင်ဟန်ဆောင်နေတဲ့သူကို နှိုးရခက်ပါသည်။

ပြည်သူတွေကျွေးတာစားပြီး မသမာတဲ့အလုပ်တွေကို မလုပ်ဆောင်ကြပါနဲ့။

ပေးပို့သူ » မန္တလေးသားတစ်ဦး

လူကိုလူလို့ မြင်အောင် ကြည့်ခြင်းဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးဆန္ဒဖေါ်ဆောင်နိုင်


ယခင်လတွေမှာဖြစ်ပွားခဲ့သော မိတ္ထီလာအကြမ်းဖက်မှုတွေမှာ လူသတ်မှုတွေ ကျုးလွန်တာကို သမ္မတတစ်ယောက်အနေနဲ့ မကိုင်တွယ်နိုင်ဘူးဆိုတာ နိုင်ငံတကာမှာတော်တော်ကိုပဲ အရှက်ရစေတယ်လို့ သုံးသပ်မိပါတယ်။


သမာသမတ်မကျတဲ့ သမ္မတကြီးနဲ့အတူ ဗုဒ္ဓဘာသာနိုင်ငံထဲမှာရှိနေတဲ့ မွတ်စလင်တွေရဲ့ ဖြစ်ရပ်ဟာ တော်တော်ဆိုးဝါးစွာနဲ့ ရင်ဆိုင်နေရတာဟာ နှစ်ပေါင်းတော်တော် ကြာနေပါပြီ။

စစ်အုပ်ချုပ်ရေမှာ တောင်ငူအရေးအခင်း အဆိုးဆုံးထင်ခဲ့တာ အခုဒီမိုကရေစီ ခေတ်ကျမှပဲ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စတွေ့တော့တာပါပဲ။


ဒီကြားထဲ ( ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီကျားထက်ဆိုး ) ဆိုတာမျိုး ဖြစ်နေပါပြီ။ အခုလို အရေးအခင်းတွေ ဖြစ်နေချိန်မှာ ကောလဟာလတွေကို မယုံဖို့ သမ္မတကြီး ဦးသိန်းစိန်ကပြောပေမဲ့ ကိုရင်ဝီရသူရဲ့ ပေါ်တင်လှုံ့ဆော်ရေး ကောလဟလတွေကိုတော့ လက်ပိုက်ကြည့်နေတယ်ပေါ့။

ဟောနေတဲ့တရားကလည်း တစ်ဖတ်သက် လိုအပ်ချက်တွေဖြည့်တင်းဟောနေတာကိုတော့ အဲကွန်းခန်းထဲက ကြည့်နေပါလား သမ္မတကြီး ဦးသိန်းစိန်ရယ်။


( ပြောတော့လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ဆို ) ( တန်းတူအခွင့်ရေးဆို ) လူသားချင်း မစာနာစွာ သတ်ဖြတ်မှုကို သမ္မတကြီး ဦးသိန်းစိန် ကြည့်နေနိုင်ပေမဲ့ ဖန်ဆင်းရှင်ကတော့ ကြည့်နေမှာ မဟုတ်ပါဘူး။

စောင့်ကြည့်ကြပါ ဆူနာမီကိုကြည့်၊ တရုတ်ငလျင်ကိုကြည့် အခုပဲစလာနေပြီ လေပြင်းမုန်းတိုင်းတိုက်မှုတွေ။
မိုးရာသီမှာ သမ္မတကြီး ဦးသိန်းစိန်နိုင်ငံ ဘာနဲ့မှထိန်းချုပ်မရတဲ့ဘေးဒုက္ခတွေ သေချာမလွဲလာမှာပါကွာ။

လူကိုလူလိုမြင်အောင်ကြည့်ခြင်းဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးဆန္ဒ ဖေါ်ဆောင်နိုင်မှာပါ။

လူကိုလူလိုမြင်အောင် ကြည့်ခြင်းဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးဆန္ဒ ဖေါ်ဆောင်နိုင်ကြပါစေ။

ပေးပို့သူ >> ဝေယံထက်


--

May Peace Be Upon You
Regards,
Ruby

လူကိုလူလို့ မြင်အောင် ကြည့်ခြင်းဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးဆန္ဒဖေါ်ဆောင်နိုင်


ယခင်လတွေမှာဖြစ်ပွားခဲ့သော မိတ္ထီလာအကြမ်းဖက်မှုတွေမှာ လူသတ်မှုတွေ ကျုးလွန်တာကို သမ္မတတစ်ယောက်အနေနဲ့ မကိုင်တွယ်နိုင်ဘူးဆိုတာ နိုင်ငံတကာမှာတော်တော်ကိုပဲ အရှက်ရစေတယ်လို့ သုံးသပ်မိပါတယ်။


သမာသမတ်မကျတဲ့ သမ္မတကြီးနဲ့အတူ ဗုဒ္ဓဘာသာနိုင်ငံထဲမှာရှိနေတဲ့ မွတ်စလင်တွေရဲ့ ဖြစ်ရပ်ဟာ တော်တော်ဆိုးဝါးစွာနဲ့ ရင်ဆိုင်နေရတာဟာ နှစ်ပေါင်းတော်တော် ကြာနေပါပြီ။

စစ်အုပ်ချုပ်ရေမှာ တောင်ငူအရေးအခင်း အဆိုးဆုံးထင်ခဲ့တာ အခုဒီမိုကရေစီ ခေတ်ကျမှပဲ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စတွေ့တော့တာပါပဲ။


ဒီကြားထဲ ( ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီကျားထက်ဆိုး ) ဆိုတာမျိုး ဖြစ်နေပါပြီ။ အခုလို အရေးအခင်းတွေ ဖြစ်နေချိန်မှာ ကောလဟာလတွေကို မယုံဖို့ သမ္မတကြီး ဦးသိန်းစိန်ကပြောပေမဲ့ ကိုရင်ဝီရသူရဲ့ ပေါ်တင်လှုံ့ဆော်ရေး ကောလဟလတွေကိုတော့ လက်ပိုက်ကြည့်နေတယ်ပေါ့။

ဟောနေတဲ့တရားကလည်း တစ်ဖတ်သက် လိုအပ်ချက်တွေဖြည့်တင်းဟောနေတာကိုတော့ အဲကွန်းခန်းထဲက ကြည့်နေပါလား သမ္မတကြီး ဦးသိန်းစိန်ရယ်။


( ပြောတော့လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ဆို ) ( တန်းတူအခွင့်ရေးဆို ) လူသားချင်း မစာနာစွာ သတ်ဖြတ်မှုကို သမ္မတကြီး ဦးသိန်းစိန် ကြည့်နေနိုင်ပေမဲ့ ဖန်ဆင်းရှင်ကတော့ ကြည့်နေမှာ မဟုတ်ပါဘူး။

စောင့်ကြည့်ကြပါ ဆူနာမီကိုကြည့်၊ တရုတ်ငလျင်ကိုကြည့် အခုပဲစလာနေပြီ လေပြင်းမုန်းတိုင်းတိုက်မှုတွေ။
မိုးရာသီမှာ သမ္မတကြီး ဦးသိန်းစိန်နိုင်ငံ ဘာနဲ့မှထိန်းချုပ်မရတဲ့ဘေးဒုက္ခတွေ သေချာမလွဲလာမှာပါကွာ။

လူကိုလူလိုမြင်အောင်ကြည့်ခြင်းဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးဆန္ဒ ဖေါ်ဆောင်နိုင်မှာပါ။

လူကိုလူလိုမြင်အောင် ကြည့်ခြင်းဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးဆန္ဒ ဖေါ်ဆောင်နိုင်ကြပါစေ။

ပေးပို့သူ >> ဝေယံထက်

မြစ်ကြီးနားမြို့မှ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှာကို စိုးရိမ်ထိတ်လန့်နေရ




မြစ်ကြီးနားမြို့ ဗုဒ္ဓဘာသာများနေထိုင်တဲ့ ရပ်ကွက်တွေမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖို့၊ တိုက်ခိုက်ဖို့ လှုံ့ဆော်စာတွေကို ညအိပ်ချိန်တွေမှာ အိမ်တွေဆီ လိုက်ပစ်နေတာ သုံးရက်ရှိပြီလို့ မြစ်ကြီးနားမြို့ခံ ဗုဒ္ဓဘာသာဝင်တစ်ဦးထံမှ သိရပါတယ်။

`ပြောပြတဲ့သူက ကျနော့်သူငယ်ချင်းပါ။ ဘူတာရပ်ကွက်မှာနေတဲ့သူပါ။ သူကကျနော်တို့နဲ့ အရမ်းရင်းနှီးနေလို့ ပြောပြတာပါ။´

`မင်းတို့ မွတ်စလင်မ်တွေကို အကြမ်းဖက်တိုက်ခိုက်တဲ့အခါ ပါဝင်ကြဖို့ လှုံ့ဆော်နေတာတဲ့။ မင်းတို့ သတိနဲ့နေကြပါတဲ့။´

အခုလို အကြမ်းဖက်မှုတွေကို မြစ်ကြီးနားမှာရှိတဲ့သူတွေ လုပ်နေတာလဲ မဟုတ်ကြောင်း ကျနော့်သူငယ်ချင်းကပဲ ပြောဆိုသွားပါတယ်။ အခုလိုလိုက်ဝေနေတာတွေက မျက်နှာစိမ်းတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။ သူငယ်ချင်းမို့ ပြောပြတာပါတဲ့။

သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လဲ မသိချင်ယောင်ဆောင်နေကြပါတယ်။ စာတွေ ဖြန့်ဝေနေတာ၊ ခြိမ်းခြောက်စာတွေပစ်နေတာ ဒီရက်ပိုင်းမှာ ပိုဆိုးနေပါပြီ။ ပြဿနာတွေဟာ ယခုထိတော့ မဖြစ်သေးတာဘဲရှိတယ်။ ဖြစ်တော့မယ့် အခြေနေဟာ နီးစပ်နေပါပြီ။ အစ္စလာမ်ဘာသာဝင်များဘက်က စိုးရိမ်ထိတ်လန့်နေရပါတယ်။

ပေးပို့သူ » အလင်းရောင် (မျက်ဝန်းစီဂျေ)

၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သူ ဦးဂမ္ဘီရ ပြောတဲ့ ဝီရသူ


၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဦးဆောင်သူ ဦးဂမ္ဘီရက "ဦးဝီရသူကို ဖမ်းဆီးသင့်တယ်။ သူဟာ ဗုဒ္ဓရဲ့အဆုံးအမနဲ့ လွဲချော်နေတယ်။ သူဟာသံဃာတော်တစ်ပါးပါ။ ကျောင်းထိုင်ဘုန်းကြီးဖြစ်တယ်။ အတော်အန္တရာယ်များတယ်။ သူဟာ ပိုပိုပြီးကောက်ကျစ်ပြီး အကြင်နာတရားမဲ့နေတယ်။"ဟု ပြောကြားခဲ့သည်။

သို့သော် ဦးဂမ္ဘီရက မွတ်စလင်မ်ဆန့်ကျင်ရေး အယူဝါဒကို အစိုးရကသာရပ်တန့်နိုင်မည်ဟု ပြောဆိုခဲ့သည်။

"အရင်တုန်းက ဘုန်းကြီးတွေ နိုင်ငံရေးတို့ ဒီမိုကရေစီတို့အကြောင်းပြောရင် အစိုးရက တားမြစ်ခဲ့တယ်။ အခုကျတော့ ဒီလိုမျိုးအတို့အထောင် ဟောပြောမှုတွေကို ကျတော့မတားဘဲ ထောက်ခံအားပေးနေတယ်။" ဟု ဦးဂမ္ဘီရက ပြောကြားခဲ့သည်။

"ဦးဝီရသူဟာ ကျောင်းထိုင်ဘုန်းကြီးဖြစ်ပြီး သူ့လက်အောက်မှာ လူပေါင်း(၂၅၀၀)လောက်ရှိတယ်။ သူ့ကို ဘယ်သူကမှ ပြန်မပြောရဲဘူး။ အစိုးရကသာ အရေးယူသွားဖို့လိုတယ်"ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

"မိတ္ထီလာမှာ လူတွေအစုလိုက် အပြုံလိုက် သတ်နေတာကို အာဏာပိုင်တွေဟာရပ်တန့်ဖို့ နည်းနည်းလေးပဲ လုပ်တာကို အံ့သြစွာတွေ့ခဲ့ရတယ်။ သူတို့ဟာ အထက်ကအမိန့်လာဖို့ကို စောင့်နေကြတာ။ အဲဒီ့အမိန့်က နောက်ဆုံးအထိ မလာဘူး"ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဦးလှသိန်းက ပြောပြခဲ့သည်။

အကြမ်းဖက်အုပ်စုကို အင်အားသုံး၍ ထိန်းသိမ်းရန် အမိန့်ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း နံပါတ်တုတ်ကိုပင် အသုံးမပြုရန် မှာကြားခြင်းခံရကြောင်း အထက်တန်း ရဲအရာရှိတစ်ဦးက ထုတ်ဖော်ခဲ့သည်။

ယခုဖြစ်သည့် အကြမ်းဖက်မှုသည် လွန်ခဲ့သောနှစ်က ရခိုင်ပြည်၌ဖြစ်ပွားသော အကြမ်းဖက်မှုနှင့် ထပ်တူထပ်မျှဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဆန်းစစ်တွေ့ရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်တပ်၏ ပယောဂ မကင်းကြောင်းနှင့် ပြည်နယ်၏ အင်အားကြီး နိုင်ငံရေးပါတီများနှင့် ချိတ်ဆက်ထားသည့် ဗုဒ္ဓဘာသာဝင် ရခိုင်မျက်ကန်းမျိုးချစ်များက ဦးဆောင်ခဲ့သည်ဟု ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများကပင် ပြောဆိုကြကြောင်း၊ ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း မျက်မြင်သက်သေများကဆိုသည်။

ဒေသတွင်းမှာရှိတဲ့ ရဲအရာရှိတစ်ဦးဟာ လူစုနဲ့ အပေးအယူ လုပ်ခဲ့တယ်။ "ရဲတွေက လူအုပ်ခွဲတဲ့အချိန်မှာ အဖျက်သမားတွေ ဗလီကိုဖျက်ဆီးဖို့ မိနစ်(၃၀)လောက် ခွင့်ပြုခဲ့တယ်"ဟု မျက်မြင်သက်သေ(၂)ဦး၏ အဆိုအရ သိရှိခဲ့ရသည်။ "နာရီဝက်အတွင်းမှာပဲ ဗလီကို ဖျက်ဆီးခဲ့တယ်"ဟု ၎င်းမျက်မြင်သက်သေ တွေ့ရှိသူများက ပြောပြခဲ့သည်။

ရိုက်တာသတင်းဌာနက အဆိုပါ အပေးအယူမှုနှင့်ပတ်သက်၍ ရဲများအားမေးရာ ၎င်းတို့က လုံးဝ ငြင်းခဲ့သည်။

မင်းလှမြို့မြောက်ပိုင်းရှိ လူဦးရေ (၁၀၀၀၀၀) တစ်သိန်းခန့်ရှိ ကြို့ပင်ကောက်မြို့တွင်လည်း (၂)ရက်အရင်က သံဃာတော်တစ်ပါးက ၉၆၉ တရားပွဲပြောပြီးနောက် လူတစ်စုသည် ဗလီ(၁)လုံးနှင့် အိမ်(၂၃)လုံးအား ဖျက်ဆီးခဲ့ကြပြန်သည်။

ဦးဝီရသူက မိတ္ထီလာရှိ သံဃာတော်များအား မတိုက်ခိုက်ရန် တိုက်တွန်းကြောင်း ပြောဆိုခဲ့သည်။ သူသည် တစ်နေရာ၌လည်း ကားခေါင်မိုးပေါ်မှ မိန့်ခွန်းများလည်း ပြောခဲ့သေးသည်။ သို့ရာတွင် သူ့ပြောကြားမှုသည် လက်ခံနိုင်စရာမရှိပါ။

ဦးဝီရသူသည် ၉၆၉ ကို ဖြန့်ရုံသာမက မွတ်စလင်မ်တို့သည် ဗုဒ္ဓဘာသာဝင်များအား ဂုဏ်သိက္ခာ ညှိုးနွမ်းမှေးမှိန်အောင် ပြုနေသည်ဟု သွေးခွဲစကားပြောခဲ့သည်။

"မွတ်စလင်မ်တွေဟာ ချမ်းသာသထက် ချမ်းသာလာပြီး ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို လက်ထပ်၍ အစ္စလာမ်ဘာသာထဲ သွတ်သွင်းတယ်၊ သူတို့စီးပွားရေးတွေက ပိုပြီးကြီးလာပြီး မြေကွက်တွေ အိမ်တွေဝယ်တယ်။ ဒါဟာဘုန်းကြီးကျောင်းတွေကို နည်းပါစေလာတဲ့ သဘောပါပဲ။ ပြီးနောက် ဦးဇင်းတို့ ဘုရားကျောင်းတွေလို ပွင့်လင်းမြင်သာစွာ မဟုတ်ဘဲ ဗလီတွေကို တရားမ၀င် ဆောက်တယ်။ ဗလီများတော့ ရန်သူတွေများတာပေါ့လို့ဆိုနိုင်တယ်"ဟု ဦးဝီရသူက ပြောကြားခဲ့သည်။

၁၃ ရာစု၌ အစ္စလာမ် ၀င်ရောက်လာပြီးနောက် ဖြစ်ပွါးခဲ့သော အင်ဒိုနီးရှားနိုင်ငံ လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံ ဖြစ်သွားမည်ကို ဦးဝီရသူက စိုးရိမ်သည်။

ကျောက်ဆည်မြို့၌ ဗုဒ္ဓဘာသာဝင်လူရမ်းကား တစ်စုကြောင့် မွတ်စလင်မ် (၁၀) ဦးထက် မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း U.S State Department က ဖော်ပြခဲ့သည်။

တိုင်းမှူးကသာ ပြတ်သားသော အမိန့်အနည်းငယ်ပေးခဲ့လျင် မိတ္ထီလာနှင့် အနီးတ၀ိုက်ရှိ စစ်သားထောင်ပေါင်းများစွာ အသုံးပြု၍ သွေးချောင်းစီးအကြမ်းဖက်မှုအား ချက်ချင်း ရပ်တန့်သွားနိုင်ကြောင်း NLD မှ ဦးဝင်းထိန်က ပြောကြားခဲ့သည်။

"ဒါဟာ စစ်ပွဲတစ်ခုလိုပါပဲ။ ပထမတော့ လူအင်အား ဘယ်လောက်ရှိမယ်။ ဘယ်လို ကြီးထွားလာမယ်ဆိုတာကို မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ အကာအကွယ်တွေတော့ ရှိရမယ်"ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

၈၈ ကျောင်းသားဟောင်း မင်းကိုနိုင်သည် ၎င်းအကြမ်းဖက်မှုကာလတွင် မိတ္ထီလာသို့ ရောက်ရှိလာခဲ့သည်။ "လူတွေ အစုလိုက် အပြုံလိုက် သတ်ပြီးနောက်မှာ အဲ့ဒီ့လူစုဟာ စနစ်တကျ လေ့လာပြင်ဆင် ထားပုံရတယ်။ ဆဲလ်ဖုန်း ကိုယ်စီနဲ့ ဘုန်းကြီးတွေဟာ မြို့ပြင်ထွက်ပြီး ကားတွေကို စစ်ဆေးတယ်။ အဆောက်အဦးတွေကို ဘူလ်ဒိုဇာသုံးပြီး ဖြိုတာကို တွေ့ရတယ်။ သာမန်လူဟာ ဘယ်လိုလုပ် ဘူလ်ဒိုဇာ သုံးတတ်မှာလဲ" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အဆိုပါအကြမ်းဖက်မှုတွင် အာဏာပိုင်များ ပါဝင်ပက်သက်နေသည်ဟုဆို၏။ စစ်တပ်နှင့် ရဲများသည် ၎င်းတို့မျက်စိရှေ့တွင် ကြမ်းကြုတ်ရက်စက်မှုများကို တွေ့လျက်သားနှင့် ရပ်ကြည့်နေခဲ့ကြကြောင်း၊ ၎င်းမှာ အာဏာပိုင်အချို့၏ ပါဝင်ပက်သက်မှုရှိကြောင်း (သို့) ယင်းမတရားအကြမ်းဖက်မှုကို တိတ်တဆိတ်နောက်ကွယ်မှ ကူညီအားပေးမှုရှိနိုင်ကြောင်း မစ္စတာကင်တားနားက သုံးသပ်ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတရုံး၏ ပြန်ကြားရေးအရာရှိနှင့် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က အဆိုပါအကြမ်းဖက်မှုတွင် အစိုးရမှပါဝင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုကာ ၎င်းပြောဆိုချက်သည် အခြေအမြစ်မရှိ စွပ်စွဲချက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းအကြမ်းဖက်မှုများသည် ၂၉ ရက်နေ့အထိ မြန်မာပြည်အလယ်ပိုင်းရှိ မြို့ရွာ(၁၅)ခု၌ မွတ်စလင်မ် ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ကြရသည်။

ဧပြီလ (၂) ရက်နေ့ကလည်း ရန်ကုန်ရှိ ဘာသာရေးစာသင်ကျောင်းတစ်ခု၌ မွတ်စလင်မ်ကလေး (၁၃)ဦး မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ကွယ်လွန်သူတို့၏ ဆွေမျိုးများက ၎င်းသည် ရှို့မီးဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ မီးတောက်လောင်စဉ်တွင် ဆီအိုင်နေသော ကြမ်းပြင်ကြောင့် ချော်လဲခဲ့ရကြောင်း ကိုယ်တွေ့ကြုံရသူများက ပြောဆိုကြသည်။ သို့သော် ရန်ကုန် အာဏာပိုင်များက ၎င်းသည် လျှပ်စစ်ပိုင်းဆိုင်ရာ မတော်တဆမှုသာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုကြီးမှာ ပြုပြင်တည်ဆောက်ရေးသမားတို့ကို နောက်ကြောင်းပြန်လှည့်စေရန် စနစ်ဟောင်း အင်အားစုများမှ ဖန်တီးချက်ဖြစ်ဖွယ်ရှိသည်ဟု အချို့ကအမြင်ရှိကြသည်။ သို့တည်းမဟုတ် ခေတ်ဟောင်း အာဏာရှင်များနှင့် ချိတ်ဆက်နေသော ခရိုနီများက မွတ်စ်လင်မ် လုပ်ငန်းရှင်တို့ကို ကန်ထုတ်၍ မိမိတို့စိတ်ကြိုက် စီးပွားခွင်ကို ဖန်တီးလိုမှုလည်း ဖြစ်နိုင်သည်။

အောင်မြင်သည့် မွတ်စ်လင်မ်လုပ်ငန်းရှင်တစ်ဦးမှ "ဒီကိစ္စမှာ ဘာသာရေးနဲ့ စီးပွားရေး အငြိုးအတေး နှစ်မျိုးလုံး ပါဝင်နေတယ်"ဟု ယူဆ သုံးသပ်ခဲ့သည်။ ထိုသူကဲ့သို့ပင် မွတ်စ်လင်မ်များစွာတို့သည် မိမိတို့၏ ဘိုးဘေးဘီဘင် မျိုးဆက်များကို ပြောပြနိုင်ကြသည်။ အခြားသူများအတိုင်း သူသည်လည်း အောင်မြင်ဖြစ်ထွန်းသော လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မိတ်ဆွေများစွာရှိရာ ၄င်းတို့အနက် သူ့အား အကြမ်းဖက်မှုမှ လွတ်မြောက်အောင် ကူညီခဲ့ကြပေသည်။

ငါးပါးသီလ မြဲသူများ

ဆရာကြီးရွှေဥဒေါင်း၏ တသက်တာမှတ်တမ်းတွင် ဆရာကြီးသည် ၀န်ကြီးချုပ်ဦးနုက အင်္ဂလိပ်စာပေကို ပုတ်ခတ်ပြောဆိုသဖြင့် လက်တုန့်ပြန်ရေးခဲ့ဘူးသည်။

ထိုစာတွင် အနောက်တိုင်းမှ လူကြီးလူကောင်းပီသသူများ (ဂျင်းတဲလ်မဲန်း)၏ စိတ်နေသဘောထားကို ငါးပါးသီလ သက်သက်ကိုသာ စောင့်ထိန်းသူတဦး၏ အမူအကျင့်နှင့် နှိုင်းယှဉ်ပြထားပေသည်။ သို့သော် ငါးပါးသီလသမားတိုင်းဆိုးသည်ဟု မမှတ်ယူကြရန် ကြိုတင် စကားခံလိုပါသည်။ သုစရိုက်တရားများကို ကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်တို့အဖို့လည်း ထိုဂျင်းတဲလ်မဲန်းတို့ အလားတူစွာ စိတ်နေသဘောထား ကြီးကြမည်ဟု စာရေးသူယုံကြည်ပါသည်။ ဆရာကြီးက မြန်မာလူ့ပတ်ဝန်းကျင်တွင် ယေဘုယျတွေ့ရသည့် အခြေအနေပေါ်ခြုံ၍ ရေးထားသည့်သဘော ဖြစ်နိုင်ပါသည်။

ဆရာကြီး စာမှာ...

ငါးပါးသီလသမား တစ်ယောက်သည် ကြွေးပူသဖြင့် မရောင်းဘဲ မနေနိုင်သည့် မုဆိုးမ တစ်ယောက်ထံမှ ပစ္စည်းတစ်ခုကို တန်ဘိုးထက် ဖိနှိပ်ပြီး ဆစ်၍ ၀ယ်ချင်ဝယ်နိုင်သည်။ (သီလပျက်သည်ဟု မဆိုနိုင်ချေ)

ဂျန်တဲလ်မဲန်း တစ်ယောက်မူကား ထိုသို့သော အမှုမျိုးကိုပြုရန် စိတ်ထဲမှ အလွန်ဝန်လေးတတ်သည်။

ခွန်အားနည်းသူ တစ်ယောက်အား ခွန်အားကြီးသူက နိုင်ထက်ကလူပြုမူခြင်းကို မြင်ရသည့်အခါ ငါးပါးသီလသမားက မျက်နှာလွဲ၍ နေနိုင်သည်။

ဂျန်တဲလ်မန်း တစ်ယောက်မူကား မိမိကိုယ်တိုင် ခွန်အားနည်း၍ မကူညီနိုင်လျှင် အနည်းဆုံး နှုတ်ဖြင့်ဖြစ်စေ ခုခံ၍ ပြောပေးပေလိမ့်မည်။

မိမိအကျိုးအတွက် အခြားလူတယောက်က မတရားသဖြင့် ဆောင်ရွက်ပေးသည်ဆိုလျှင် ငါးပါးသီလသမားက မှိန်းပြီးကြည့်နေလိုက နေနိုင်သည်။

ဂျန်တဲလ်မဲန်း တယောက်မူကား ထိုကဲ့သို့နေ၍မဖြစ်၊ သူ့အတွက် မတရားမလုပ်ပေးပါနှင့်ဟု ပြောလိမ့်မည်။

ငါးပါးသီလသမား တယောက်သည် ကြုံကြိုက်ခဲ့လျှင် ထိုက်သင့်သည်ထက်ပို၍ အခွင့်အရေး ယူလိမ့်မည်။ အခွင့်အရေးယူခြင်းသည် ခိုးခြင်းမဟုတ်ဟု ဆိုနိုင်သည်။

ဂျင်းတဲလ်မဲန်း တယောက်မူကား ထိုက်သင့်သည်ထက် ပိုပြီး အခွင့်အရေးယူရမည်ကို ရှက်တတ်သည်။

ငါးပါးသီလသမား တယောက်သည် ဖော်လံဖားနိုင်သည်။ ကပ်ပါးရပ်ပါး အလုပ်မျိုးနှင့် ကြီးပွားအောင် လုပ်နိုင်သည်။ ဂုဏ်ကြီးသူများ ပိုက်ဆံရှိသူများကို ကြို့၍ ချူနိုင် မြှိုက်နိုင်သည်။

ဂျန်တဲလ်မဲန်း တစ်ယောက်မူကား ကိုယ့်သိက္ခာကို ကိုယ်စောင့်ထိန်းသည်ဖြစ်၍ မည်သူ့ဆီကမျှ ချူခြင်းမြှိုက်ခြင်းမပြုနိုင်ပါ။
ဘာကိုမျှ အလကား မလိုချင်၊ ထိုက်တန်အောင် အလုပ်လုပ်၍ ယူချင်သည်။ မည်သူ့ရှေ့မျှ မျက်နှာအောက်မချ။ အမြဲ ဦးခေါင်းထောင်ချင်သည်။ ဆင်းရဲသည်ကို မရှက်၊ ညစ်ပတ်ရမည်ကို ရှက်သည်။ အမျိုးမြတ်သည်ဆို၍ ဂုဏ်မတက်။ ရိုးဖြောင့်သည့်အတွက် ဂုဏ်ယူသည်။
လိုရင်းအချုပ်၌ ဂျင်တဲလ်မဲန်း တယောက်သည် (Sense of Justice and Fair Play) မိမိနှင့်ဆက်ဆံသမျှသော ကိစ္စအ၀၀တွင်သာမက မိမိ၏ ပတ်ဝန်းကျင်၌လည်း မတရားသဖြင့် အနိုင်ကျင့်ခြင်းကိုမမြင်လို၊ မျှမျှတတ ဖြစ်စေလိုသော စိတ်သဘောထားမျိုး အမြဲကိန်းအောင်းသူ တစ်ယောက်ဖြစ်လေသည်။

ပေးပို့သူ » stawberrylover11


--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.