ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၁၆၊ ၂၀၁၃ "ဒေါင်းတို့မျိုးဆက်" ငြိမ်းချမ်းရေးသင်္ကြန် သံချပ်အဖွဲ့၏ ပွဲဦးထွက်အဖြစ် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် မှဦးဆောင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၃.၄.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်တွင် သုခခန်းမဆောင်ကြီးသို့လာရာက်၍ ဖျော်ဖြေတင်ဆက်ခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)၌ ဒေါင်းအလံစိုက်ထူခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂ဝ၁၃ ခုနှစ် သင်္ကြန် အချိန်ကာလမှစတင်၍ အသင်းသား/သူများဖြင့် ဖွဲ့စည်းလိုက်သည့် "ပေးဆပ်သူများ" လူမှုရေးသံချပ်အဖွဲ့ သည်လည်း ၁၄.၄.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးတည်ရှိရာသို့ ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင်သွားရောက်၍ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ညီညွတ်စွာဖြင့် အမိမြန်မာပြည်ကြီး [...]

Read more of this post