အီကြာအော် မေ ၃၊ ၂၀၁၃ ယုန်ကန်ဆေးရုံကြီးတွင် လုနာရုံစောင့် အလုပ်လုပ်နေသည့် ဖွတ်ကလေးတစ်ယောက် အီကြာအော်၏အိမ်သို့ ဒေါနှင့် မောနှင့် ပေါက်ချလာတော့သည်။ "ဟေ့ကောင်…….ဖွတ်ကလေး၊ မင်း..ဘာတွေဖြစ်လာပြန်ပြီလည်းကွ" "အဲဒီလူကို ကျုပ်တော့ ဖြတ်ရိုက်ပြစ်ချင်တယ် ဆရာအော်" "နေပါဦးကွ…..ဖွတ်ကလေးရ၊ ဘယ်ကလူကို မင်းက ပြောနေတာလည်း" "စေတနာရှင်တစ်ဦး ဆိုတဲ့လူပေါ့ဗျ၊ သူက ကျုပ်တို့ခက်သေးရွာက ဆရာဝန်ဂျီးတွေ မကောင်းကြောင်းတွေကို အပါတ်စဉ် အော်သံဂျာနယ်ထဲမှာ ပယ်ပယ်နယ်နယ် ရေးထားတယ်လေ" "ဘာတွေများ ရေးထားလို့လည်းကွ" "သူက အော်စီရွာ နိုင်ငံဂျားမှာ ဆေးကုတော့ အဲဒီက ဆရာဝန်ဂျီးတွေ တော်ကြောင်း၊ သဘောကောင်းကြောင်း၊ စေတနာရှိကြောင်း ရေးထားတယ်" "တိုးတက်ချင်ရင်တော့ ကောင်းတာတွေ အတုခိုးရမယ်လေ ဖွတ်ကလေးရဲ့ ၊ ကောင်းတာတွေ ရေးထားတာ ဘာဖြစ်လို့လည်း" "သူက ကျုပ်တို့ ခက်သေးရွာက [...]

Read more of this post