ကိုဌေးကြွယ်ရဲ့ အမေရိကန်ပြည်ထောင်စုခရီး မောင်စွမ်းရည်၊ ဗီအိုအေ၊ မေ ၃၊ ၂၀၁၃ (ဗီအိုအေ၊ ဧပြီ ၁၂၊ အစီအစဉ်ကို ပြန်လည်ကူးယူတင်ပြသည်) ရဲဘော်နဲ့ မိတ်ဆွေများခင်ဗျား ဒီနေ့ ကျနော်ပြောချင်တာကတော့ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ ကိုဌေးကြွယ်တယောက် အမေရိကန်ပြည်ထောင်စုကို ဗမာလူထုပရိသတ်နဲ့ တွေ့ဆုံဆွေးနွေးသွားတဲ့အကြောင်း ဖြစ်ပါတယ်။ နယူးယောက်ဆွေးနွေးပွဲကို နယူးယောက်မှာရောက်ရှိနေထိုင်တဲ့ ၈လေးလုံး ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုနေတင်မြင့်က ဦးဆောင်စီစဉ်ပါတယ်။ ကျနော်မောင်စွမ်းရည်က လူကြီးတယောက်အနေနဲ့ အဖွင့်အမှာစကား ပြောကြားခွင့်ကြုံပါတယ်။ ပြီးတော့ ကိုဌေးကြွယ် စကားပြောပါတယ်။ ကိုဌေးကြွယ်ဟာ မျက်နှာအမြဲ ပြုံးချိုနေပြီး ရည်မွန်ယဉ်ကျေးတဲ့ လူငယ်တဦး ဖြစ်ပါတယ်။ စကားပြောတာလည်း ချိုသာပျော့ပြောင်းပါတယ်။ သူဟု ရန်ကုန် စမ်းချောင်း အထက ၁ ကျောင်းသားဟောင်းတဦး ဖြစ်တယ်ဆိုတာ သိရတော့ ကျနော်ပြုံးမိတယ်။ ကျနော်ကလည်း စမ်းချောင်း [...]

Read more of this post